ဆုတောင်းပါ

https://drive.google.com/uc?export=view&id=1KKRryRbfpiUEiPwZhO7sBmzb-gB7rr_G
ဆုတောင်းခြင်းမရှိတဲ့
ယုံကြည်သူအသက်တာက လက်နက်မပါ ဘဲစစ်တိုက်တဲ့သူပါဘဲ။ဆုတောင်းခြင်းဆိုတာ ဖြတ်လျှောက်ရမဲ့လမ်းမှာ အတားအဆီးမျိုးစုံကိုဖယ်ရှားခြင်းဘဲဖြစ်ပါတယ်။ ဆုတောင်းပြီးလျှင်အ ရာအားလုံးကို ရှင်းလင်းစွာမြင်သွားပါလိမ့်မည်။ ဆုမတောင်းပါက ဘုရား စကား ဘာပြောမှန်းနားလည်မည်မဟုတ်ပါ။ဝိညာဉ်တော်၏မစခြင်း ဖြင့် ဆုတောင်းခြင်းတန်ခိုးလိုအပ်တယ်။
ဆုတောင်းခြင်းက ကျွန်ပ်တို့ရဲ့ခွန်အားဖြစ်တယ်။ဆုတောင်းခြင်းဆိုတာ သာမန်ကာဆန်ကာမျှ ထမင်းစားရေသောက်၊အိပ်ခါနီးလောက်မှာ ဆု တောင်းခြင်းမလုံလောက်ပါ။
သင်သည်ကြီးမားစွာသောအောင်မြင်ခြင်းကို ရချင်တယ်ဆိုရင်ကြီးမား သောဆုတောင်းခြင်း၊ဘုရားနဲ့နဖူးတွေ့ဒူးတွေ့ စကားပြောရမယ်။ဆု တောင်းခြင်းဆိုတာဘုရားနဲ့စကားပြောခြင်းဘဲ။ နဲနဲလေးဘဲ ဆု တောင်း အများကြီးအောင်မြင်ချင်ရင်ဘုရားမပေးဘူး။ယနေ့ယုံကြည်သူတွေ ချောင်ဘဲ လိုချင်ကြတယ်။ဘုရားကအချောင်ရလိုတဲ့စိတ်ကို မနှစ် သက်ဘူး။အောင်မြင်ချင်တယ်၊ကျန်းမာခြင်း ရချင်တယ်ဆိုရင် ဘုရား ကို များများစကားပြောပါ။ထမင်းစားခါနီး၊အိပ်ခါနီးလောက်မှာပျင်းပျင်းနဲ့ တစ်မိနစ်တောင်မပြည့်တဲ့ဆုကိုတောင်းပြီး ရချင်တာက အကြီးကြီး၊ဘယ်လိုလို့အဖြေရမလဲ။မိတ်ဆွေ..ဆုတောင်းပါ။ဘုရားနဲ့များများ စကား ပြောပါ..သင်တရား မိနစ်ဟောဖို့အတွက် ၂နာရီ ဆုတောင်းဖို့လို တယ်။ယနေ့များစွာသော ဘုရားအမှု့တော်ဆောင်တွေက ဆုမတောင်း ကြဘူး။ ဆုမတောင်းကြလို့တရားဟောချက်တွေကောင်းပေမဲ့ ပြောင်းလဲ သူမရှိဘူး။ဆုတောင်းခြင်းမှာ ဘုရားတန်ခိုးပါတယ်။ဆုတောင်းခြင်းဆိုတာ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ဘဲ။ဆုတောင်းခြင်းအသက်တာ ရှိပါစေ။ ဆုတောင်ပြီးနှုတ်ကပတ်တော်ကိုပြောပါ.. ဘုရားတန်ခိုးပါ လာလိမ့်မယ်။

Comments

Popular posts from this blog

မညီသောထမ်းဘိုးမထမ်းနဲ့

မစွန့်ပစ်သောဘုရား