ဒုက္ခရောက်သောအခါ

ဆာ၊ ၁၀၇း၂၈ ဆင်းရဲခံရသောအခါ ထာ၀ရဘုရားကိုအော်ဟစ်၍ ဆင်းရဲဒုက္ခထဲကထုတ်ဆောင်တော်မူ၏။ ကျွန်ပ်တို့မှာ နေ့စဉ်ဒုက္ခပြသနာအခက်အခဲနဲ့ရင်ဆိုင် ကြုံနေကြရပါတယ်။ ကြီးကျယ်တဲ့ပြသနာဒုက္ခမျိုးရှိသလို သေးမွှားတဲ့အရာတွေအစအမြဲတမ်းရှိတတ်တယ်။ ဘယ်လိုဒုက္ခပြသနာမျိုးဖြစ်စေ ကျနော်တို့ကြိုးစားပြီးဖြေရှင်းလေ့ရှိတတ်ကြတယ်။ တစ်ခါတစ်လေမှာ သေးသေးလေးကစတဲ့ပြဿနာဟာ ဖြေရှင်းမရနိုင်လောက်အောင်ကြီးမားသွားတာမျိုးလည်းဖြစ်တတ်တယ်။ ထိုပြဿနာကို ကိုယ်တိုင်မဖြေရှင်းတတ်တော့တဲ့အခါ ပတ်ဝန်းကျင်ကိုအကူအညီတောင်းရပါတယ်။ ကျွန်ပ်တို့ယုံကြည်သူတွေက အဓိကလုပ်ဆောင်ရမည့်အရာကိုမေ့တတ်လေ့ရှိကြတယ်။ အဲ့ဒါကဘာလဲဆိုတော့ အရာခပ်သိမ်းကိုတတ်နိုင်သော ကျွန်ပ်တို့ရဲ့ ကောင်းကင်ဘုံရှင်အဖဘုရားပဲဖြစ်ပါတယ်။ ဘုရားသခင်က ငါ့ကိုခေါ်လော့ငါထူးမည်ပြောတယ်။ ခေါ်ဖို့သာလိုပါသည်။ စိတ်ဆင်းရဲသည်ဖြစ်စေ၊ ကိုယ်ဆင်းရဲသည်ဖြစ်စေ ထာ၀ရဘုရားကိုဟစ်ခေါ်ရင် ဒုက္ခဆင်းရဲခြင်းမျိုးစုံထဲက ထွက်မြောက်သောအခွင့်ရမှာဖြစ်ပါတယ်။

Comments

Popular posts from this blog

မညီသောထမ်းဘိုးမထမ်းနဲ့

မစွန့်ပစ်သောဘုရား