Popular posts from this blog
မညီသောထမ်းဘိုးမထမ်းနဲ့
မိဘများသည် သားသမီးများ၏ အနာဂတ်အတွက်ကောင်းသောလမ်းပြသွန်သင်တည်ဆောက်သူများအဖြစ် ဘုရားသခင်က ခန့်ထားသူများဖြစ်ကြသလို တာဝန်လည်း ကြီးလှပါသည်။ ဇာတိသဘာဝမျိုးသည် အရေးကြီးသလို ဝိညာဉ်ရေးကိုလည်း အလေးထား ထားသင့်ကြပါသည်။ မိဘများ ကိုယ်တိုင်ဘုရားသခင်၏ စကားကိုနားထောင်သင့်ကြသည်။ မယုံကြည်သောသူတို့နှင့် တွဲဖက်၍ ဆန့် ကျင်ဘက် ထမ်းဘိုးမထမ်းကြဖို့သတိပေးသွန်သင်ထားပါသည်။ သိုသော် အချို့က ထိုစကားကို မလိုက်နာလိုကြ၊ သွေးသား၏သံယော ဇဉ် ငြိတွယ်မှုကို အလေးထားပြီးနောက်မှ ပြောင်းလဲရန် ကြိုးစားယူမည်ဟု ဆိုကြသည်။ အချို့သောအရာများသည် ပြောင်းနိုင်သော် လည်း၊ အချို့သောအရာများသည် မပြောင်းနိုင်ပါ။ ထိုအထဲ၌ အချို့သော ဗီဇသဘာဝသည် ပြောင်းမရပါ။ ထိုကြောင့် ဖခင်မိခင်များ ကိုယ်တိုင် သားသမီးများ အကျိုးအလို့ငှာ ဘုရားသခင်စကားကိုနားထောင်ပြီး အလိုတော်လမ်း၌ လိုက်လျှောက်ကြဖို့လိုပါသည်။ (မ၊၆း၉-၁၀) မိဘများသည် ကိုယ်တိုင်နာမတော် အားရိုသေလေးမြတ်ခြင်းရှိဖို့၊ နိုင်ငံတော်တည်ထောင်ဖို့ ဘုရားသခင် လုပ်ဆောင်ရာတွင် အလို တော်နှင့်အညီ ပါဝင်ကြဖို့ အလေးထားသင့်ပါသည်။ တဖန် (ယော၊၃)၌ ဒုတိယမွေးခြင်...
မစွန့်ပစ်သောဘုရား
ထာ၀ရဘုရားကို ရှာဖွေသောသူကို ဘုရားသခင်ဘယ်သောအခါမှမစွန့်ပစ်ကြောင်း ကတိတော်ရှိပါသည်။ ကိုယ်တော် ကတိတော်သည်လည်း ဘယ်တော့မှမပျက်ပါ။ ဒုက္ခရောက်နေသည့်အခါဖြစ်စေ၊အဆင်ပြေနေသည့်အချိန်ဖြစ်စေ၊အခက်ခဲဖြစ်နေသည့်ကာလအခါဖြစ် ထာ၀ရဘုရား၏ မျက်နှာတော်ကို ရှာတတ်ဖို့အရေးကြီးပါသည်။ မျက်နှာရှာခြင်းဆိုသည်မှာ ကိုယ်တော်သွန်သင်သောနှူတ်ကပတ်တော်၌အသက်ရှင်ရပ်တည်ခြင်း၊ကတိတော်ကိုယုံလျက်မြှော်ကြည့်ခြင်း၊ကိုးစားခိုလှူံခြင်း၊ ကြောက်ရွံ့ခြင်းဖြစ်သည်။ထိုသို့သော်အသက်တာတွင် ကိုယ်တော်၏ မစခြင်းအမှန်ခံရမည်ဖြစ်သည်။ ဆာ၊ ၉း၁၀ အိုထာ၀ရဘုရား၊ကိုယ်တော်ကိုရှာသောသူတို့ကို စွန့်ပစ်တော်မမူတတ်ပါ။
Comments
Post a Comment