ကြိုဆိုသောအဆွေရှိနေဖို့

မိတ်ဆွေ . . . လူတိုင်းတစ်နေ့ အိမ်ပြန်ရကြပေမည်။ လူတိုင်းလူတိုင်း ကောင်းသောသူ မကောင်းသောသူ ရှိသမျှလူသားတိုင်း ဤလောကကြီးကိုစွန့်ခွါသွားရကြပေမည်။ရှောင်လွှဲမရသော စုတေ့ချိန်သည် မမျှော်လင့်ထားသောအချိန်မှာမဖိတ်ခေါ်ပဲ ရောက်လာမည်အမှန်ပေ။
ယုံကြည်သူများမျှော်လင့်ရာစံနန်းအိမ်သည် ရွှေအိမ်တော်ပင်ဖြစ်သည်။ ရွှေအိမ်တော်သို့ ကြွလှမ်းခဲ့သည့်အချိန် ကြိုဆိုလက်ခံသောအဆွေခင်ပွန်းရှိဖို့လိုပါသည်။ ဆိုလိုသည်မှာ ကောင်းကင်၏မြဲသောစည်းစိမ်အဖို့။
ထိုသို့ ကြိုဆိုသောအဆွေရှိစေဖို့ ကျွန်ပ်တို့၏လောကီဘဏ္ဍာကို အမှု့တော်အတွက်ပါဝင်ကြစို့လား။ ကိုယ်တော်က ဖိတ်ခေါ်နေပါတယ်။ ပျောက်ဆုံးဝိညာဉ်လုပ်ငန်းမှာပါဝင်ပါ။

လု၊ ၁၆း၉ - - -  တဖန်ငါဆိုသည်ကား၊ သင်တို့သည်စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသောလောကီစည်းစိမ်ကို သုံးဆောင်ကြလော့။
အယောက်တိုင်းစီကိုဘုရားရှင်ကောင်းကြီးပေးပါစေ🙏

Comments

Popular posts from this blog

မညီသောထမ်းဘိုးမထမ်းနဲ့

မစွန့်ပစ်သောဘုရား