ဘုရားသခင်၏လူနှင့်အတူရှိမည်
ဧဇရ၊၁း၃
- သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်အတူရှိတော်မူပါစေသော။
ဘုရားသခင်၏လူ
တစ်နည်းပြောရလျှင် ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူကိုဆိုလိုခြင်းဖြစ်ပါတယ်။ ယုံကြည်ခြင်း၌တည်သောသူ၊ ခိုင်ခန့်ခြင်းရှိသောသူ၊ သစ္စာရှိသောဖြစ်တယ်။ ဘုရားသခင်ကိုအစဉ်နာခံတတ်သောသူဖြစ်တယ်။ ဘုရားသခင်နှစ်သက်သောအရာကိုသာရှာဖွေလုပ်ဆောင်တတ်သောအသက်တာဖြစ်တယ်။ မိမိကျေနပ်တာထက် ဘုရားသခင်အားကျေနပ်အားရစေသောသူဖြစ်ပါတယ်။ ဒါဝိဒ်ကဲ့သို့ အထက်အရာကိုတောင့်တမျှော်လင့်သောသူ၊ နှုတ်ကပတ်တော်ကိုဆင်ခြင်လျက် အားရဝမ်းမြောက်သောသူဖြစ်တယ်။ ထိုကဲ့သို့သောအသက်တာသည် ဘုရားသခင်နှစ်သက်တော်မူသောအသက်တာဖြစ်တယ်။ ထိုသူနှင့်အတူ အစဉ်မပြတ်ဘုရားသခင်ရှိမည်သုဆိုပါတယ်။ ဘုရားသခင်ဟာ ကျွန်ပ်တို့နှင့်အစဉ်ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်ပ်တို့ကိုယ်တိုင်က ဘုရားသခင်ရဲ့ကွယ်ကာခြင်းကိုမခံစားရတတ်ဘူး။ ဘုရားသခင်နှင့်မိသဟာယကင်းကွာနေရလို့ဖြစ်တယ်။
နေ့စဉ်အသက်တာလျှောက်လှမ်းခြင်းဟာ ဘုရားသား၊ ဘုရား၏လူဖြစ်ခြင်းအသက်တာနှင့်လျှောက်လှမ်းနေသလား၊ လောကကိုအစိုးရသောသူ၏အလိုကျစိတ်တိုင်းကျ အသက်ရှင်နေမိပြီလား။ ဇာတိလူအနေနှင့်သာအသက်ရှင်နေသလား။ ကျွန်ပ်နှင့်အဘယ်သူရှိနေပါသလဲ။ ရပ်နေပါသလဲ။
ဆုတောင်း
ကောင်းကင်ဘုံရှင်အဖ၊ ကိုယ်တော်သည် ကျွန်ပ်၏နေ့စဉ်အသက်တာအတွက် လမ်းြသောအရှင်ဖြစ်ပါ၏။ သို့သော် ကိုယ်တော်၏ အလိုတော်အတိုင်းအသက်မရှင်မိခြင်းများကိုခွင့်လွှတ်တော်မူပါ။ ယနေ့မှစပြီး ကိုယ်တော်၏လူ၊ ကိုယ်တော်၏ သဘောတော်အတိုင်းအသက်ရှင်ပါမည်။ မစတော်မူပါ။ အကျွန်ပ်နှင့်အတူရှိတော်မူခြင်းကို သိနားလည်၍ ကိုယ်တော်နှင့်အတူလျှောက်လှမ်းပါမည်။ အာမင်။
Comments
Post a Comment