မညီသောထမ်းဘိုးမထမ်းနဲ့

https://drive.google.com/uc?export=view&id=1LQh6YYaRg_YmpvjG8jq2zcybihQZUtP3
            မိဘများသည် သားသမီးများ၏ အနာဂတ်အတွက်ကောင်းသောလမ်းပြသွန်သင်တည်ဆောက်သူများအဖြစ် ဘုရားသခင်က  ခန့်ထားသူများဖြစ်ကြသလို တာဝန်လည်း ကြီးလှပါသည်။ ဇာတိသဘာဝမျိုးသည် အရေးကြီးသလို ဝိညာဉ်ရေးကိုလည်း အလေးထား ထားသင့်ကြပါသည်။ မိဘများ ကိုယ်တိုင်ဘုရားသခင်၏ စကားကိုနားထောင်သင့်ကြသည်။ မယုံကြည်သောသူတို့နှင့် တွဲဖက်၍ ဆန့် ကျင်ဘက် ထမ်းဘိုးမထမ်းကြဖို့သတိပေးသွန်သင်ထားပါသည်။ သိုသော် အချို့က ထိုစကားကို မလိုက်နာလိုကြ၊ သွေးသား၏သံယော ဇဉ် ငြိတွယ်မှုကို အလေးထားပြီးနောက်မှ ပြောင်းလဲရန် ကြိုးစားယူမည်ဟု ဆိုကြသည်။ အချို့သောအရာများသည် ပြောင်းနိုင်သော်  လည်း၊ အချို့သောအရာများသည် မပြောင်းနိုင်ပါ။ ထိုအထဲ၌ အချို့သော ဗီဇသဘာဝသည် ပြောင်းမရပါ။

 ထိုကြောင့် ဖခင်မိခင်များ  ကိုယ်တိုင် သားသမီးများ အကျိုးအလို့ငှာ ဘုရားသခင်စကားကိုနားထောင်ပြီး အလိုတော်လမ်း၌ လိုက်လျှောက်ကြဖို့လိုပါသည်။ (မ၊၆း၉-၁၀) မိဘများသည် ကိုယ်တိုင်နာမတော် အားရိုသေလေးမြတ်ခြင်းရှိဖို့၊ နိုင်ငံတော်တည်ထောင်ဖို့ ဘုရားသခင် လုပ်ဆောင်ရာတွင် အလို  တော်နှင့်အညီ ပါဝင်ကြဖို့ အလေးထားသင့်ပါသည်။ တဖန် (ယော၊၃)၌ ဒုတိယမွေးခြင်းတည်းဟူသော ရေနှင့် ဝိညာဉ်တော် မမွေးသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟူသည့် သတိပေးစကားကို အလေးထားပြီး မိမိတို့ ကိုယ်တိုင် ဒုတိယမွေးခြင်း ခံရရုံမျှသာမက ဒုတိယမွေးခြင်းရပြီးသူ အချင်းချင်းပေါင်းဖက်၍ အိမ်ထောင်ခရီးလျှောက်ရာတွင် ဖွားမြင်လာသော   သားသမီးများကိုလည်း တစ်ယောက် မကျန် ဒုတိယမွေးခြင်းရပြီး ဘုရားသခင်ထံတော်သို့ ပို့ဆောင်နိုင်ဖို့ရန် တာဝန်ရှိရုံမျှမက အခွင့်အရေးလည်းဖြစ်ပေသည်။ မိဘများအနေနှင့် မိမိတို့သားသမီးများကို မွေးပြီးပစ်မထားသင့်ပါ။ တာဝန်မဲ့ လျစ်လျူမရှုသင့်ပါ။ 

ဘုရားသခင်ပေးသောအခွင့်ရေးနှင့် တာဝန်ကိုအလေးထားကြသော ဖခင်များ၊ မိခင်များသည် အတူတကွ ကောင်းကင်ရောက်သည့်အခါ မိမိတို့ သားသမီးအရောက်တိုင်းကိုလည်း ကောင်းကင်၌ပြန်၍ တွေ့ဆုံရခြင်းမင်္ဂလာသည် မည်မျှချီးမွမ်းဝမ်းမြောက်ဖွယ်ဖြစ်ပါသနည်း။ ဇီဝသဘာဝအရ သားသမီး မရကြသောသူများလည်း အားလျော့စိတ်ငယ်ခြင်း မရှိဘဲ၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ဝိညာဉ်သားသမီးများ မွေးဖွားဖို့ အသက်တာကို ပြင်ဆင်ဆက်ကပ်ခြင်းအားဖြင့် ရလာကြသော ဝိညာဉ်သားသမီးများအားဖြင့် မိမိတို့သည် ရုပ်သဘာဝ၌ အပျို၊ လူပျိုဖြစ်ကြသော်လည်း ဝိညာဉ်ကဏ္ဍ၌ ဖခင်ကောင်းများ၊ မိခင်ကောင်းများအဖြစ် ဝိညာဉ်တော်ဘုရားသခင်၏ ချီးမြှောက်ကောင်းကြီး ပေးခြင်းကို ခံရမည်ဖြစ်သည်။ ထိုကြောင့် ဖခင်များနေ့၌ ဖခင်များအနေနှင့် ဘုရားပေးသော တာဝန်နှင့် အခွင့်ရေးကို အလေးထားပြီး ဆောင်ရွက်ခြင်းအားဖြင့် ဖခင်ကောင်းများဖြစ်ဖို ပန်းတိုင်ထားပြီး အသက်ရှင်မည်ဆိုပါက လောကထဲ၌ သားသမီးများအားဖြင့် ဂုဏ်ရှိပြီး အောင်းမြင်မည်ဖြစ်သည်သာမက ကောင်းကင်၌
လည်း ချီးမြှောက်ခြင်း ခံရမည်ဖြစ်ကြောင်း နှလုံးသွင်းအာရုံပြုပြီး အသက်ရှင်ကြဖို့ရန် မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

Rev.Dr. Tin Maung Tun

Comments

Popular posts from this blog

မစွန့်ပစ်သောဘုရား