နောက်ဆုံးသောအချိန်ရောက်ပြီ
(ထို့ကြောင့်သင်တို့သည် ပြင်ဆင်လျက်နေကြလော့။အကြောင်းမူကား၊သင်တို့မထင်မှတ်သော အချိန်နာရီ၌၊လူ သားသည်ကြွလာလိမ့်မည်။ မဿဲ၊ ၂၄း၄၄) ယနေ့ နောက်ဆုံးသောကာလ၊ ကျေးဇူးတော်ကာလလည်းဖြစ်နေသကဲ့သို့ ခရစ်တော်အတွက် လူငယ်များ နိုးထရန်အချိန်ကာလရောက်လာပြီဖြစ်၏။ သင်ထလော့။ လင်းလော့ .... ပြောခြင်းမှာ ထိုင်နေလို့၊အလင်းမလင်းလို့ဖြစ်တယ်။ ယနေ့မြောက်များစွာသောလူငယ်များ ခရစ်တော်တည်းဟူသော အလင်းကိုရရှိပိုင်ဆိုင် ထားခဲ့ကြသော်လည်း ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေကြတယ်။အလင်းမလင်းဘဲ ဒုစရိုက်အမှောင်ထဲမှာဘဲ တစ်ဝဲလည်လည်ရှိနေကြသည်။ ဆီးမီးခွက်ကို ထွန်းပြီးလျှင် တောင်းဇလားအောက်မှာဖုံးထားတဲ့ ထုံးစံမရှိပါ။ ယနေ့လူငယ်များ လက်ထဲကိုအမှု့တော်သာသနာလုပ်ငန်းများကို ဘုရားသခင်လက်ဆင့်ကမ်းပေးနေသည့်ကာလဖြစ်သည်။ များစွာသောလူငယ်များသည် ဒုစရိုက်အမှောင်ကမ္ဘာနယ်ထဲတွင် တစ်နေ့ပြီးတစ်နေ့စီးမြောလျက်ရှိနေကြသည်ကို ကိုယ်တော်အလိုတော်မရှိပါ။ အသင်းတော်နေရာများများတွင် လူငယ်များသိပ်မတွေ့ရတော့ပါ။စာတန်က နည်းမျိုးစုံနှင့် ခိုးယူဖျက်ဆီးနေခြင်းဖြစ်တယ်။ ဒီလိုချိန်ကာလမျိုးမှာ မိမိရရှိထားသော အလင်းကိုအမှီပြုသွားလာတတ်သောလူငယ်များ ထပြီးမှောင်မိုက်ထဲကသူများကို အလင်းထွန်းပြီး ...